
အာဆင်နယ်က ဥရောပရဲ့အကောင်းဆုံးအသင်းတသင်းဖြစ်ကြောင်း အင်တာမီလန်နည်းပြ ခရစ္စတီယန်ချီဗူက ချီးကျူးသွားပါတယ်။
အင်တာဟာ ဇန်နဝါရီ ၂၁ ရက်မှာ အာဆင်နယ်ကို အိမ်ကွင်းမှာ လက်ခံကစားရမှာပါ။ ပြိုင်ဘက် အာဆင်နယ်ဟာပြီးခဲ့တဲ့နှစ်တွေကတည်းက အကောင်းဆုံး အသင်းတသင်းဖြစ်လာခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ နီးစပ်ခဲ့တဲ့အသင်းဖြစ်ကြောင်း ချီဗူကပြောပါတယ်။
အာဆင်နယ်အသင်းဟာ ငွေကြေးသုံးစွဲမှုတွေရှိသလို ခြေစွမ်းသတမတ်တည်းရှိမှုနဲ့ အမှတ်လက္ခဏာတွေရှိကြောင်း ပြသထားနိုင်တဲ့အသင်းလည်း ဖြစ်ပြီး မိမိတို့ အသင်းကို ဒုက္ခပေးနိုင် တဲ့ ကစားသမားတွေလည်း အများကြီးရှိကြောင်းချီဗူက ပြောပါတယ်။
အင်တာမီလန်ဟာ အာဆင်နယ်နဲ့ နောက်ဆုံး ၃ ပွဲမှာ ၂ ပွဲအနိုင်ရရှိထားပေမဲ့ အင်္ဂလိပ်ကလပ်တွေနဲ့ နောက်ဆုံးအိမ်ကွင်း ၃ ပွဲမှာ ၂ ပွဲရူံး မှတ်တမ်းဆိုးလည်း ရှိနေပါတယ်။
Photo:Reuters


