
နော်တင်ဟမ်နဲ့ ဂိုးမရှိသရေကျတဲ့ပွဲစဉ်မှာ သေချာပေါက်ပေးရမဲ့ ပင်နယ်တီ မရရှိခဲ့ကြောင်း အာဆင်နယ်နည်းပြ အာတေတာက ပြောသွားပါတယ်။
အာဆင်နယ်ဟာ နော်တင်ဟမ်နဲ့ အဝေးကွင်းပွဲစဉ်မှာ အနိုင်ရမယ်ဆိုရင် မန်စီးတီးကို ၉ မှတ်ဖြတ်ထားနိုင်မှာဖြစ်ပေမဲ့ သရေရလဒ်ကြောင့် ၇ မှတ်သာ ဖြတ်နိုင်ခဲ့တာပါ။
အဆိုပါပွဲစဉ်မှာ နော်တင်ဟမ်နောက်ခံလူ အိုလာအိုင်နာက ပင်နယ်တီဧရိယာထဲမှာ ဘောလုံးရှင်းထုတ်ဖို့ ကြိုးပမ်းရင်း လက်မောင်းနဲ့ ထိခဲ့ပေမဲ့ VAR နဲ့ ပြန်လည်ကြည့်ရှုခဲ့ပြီးနောက် ပင်နယ်တီပေးဖို့ ငြင်းဆန်ခဲ့တာပါ။
နည်းပြအာတေတာကတော့ လက်ထိဘောဖြစ်တယ်ဆိုတာ ထင်ရှားပြီး သေချာပေါက် ပင်နယ်တီပေးရမှာ ဖြစ်ပေမဲ့ ပင်နယ်တီပေးဖို့ ငြင်းဆန်ခဲ့တဲ့အပေါ် နားမလည်နိုင်အောင် ဖြစ်မိကြောင်း ဝေဖန်သွားပါတယ်။


