
ချဲလ်ဆီးအသင်းကို အာဆင်နယ်နည်းပြ အာတေတာလိုမျိုး အသင်းတည်ဆောက်ချိန် ရရှိလိုတယ်လို့ နည်းပြသစ် လီယန်ရိုဆင်နီယာက ပြောပါတယ်။
လာမဲ့ ဇန်နဝါရီ ၁၅ ရက်မှာ အာဆင်နယ်နဲ့ ကစားရမဲ့ လိဂ်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ် မတိုင်ခင်မှာ အသင်းကို တည်ဆောက်ချိန် ရရှိခဲ့တဲ့ နည်းပြ အာတေတာအပေါ် အားကျမိကြောင်း နည်းပြသစ် ရိုဆင်နီယာက ပြောခဲ့တာပါ။
ချဲလ်ဆီးအသင်းမှာ ၆ နှစ်ထက်ပိုပြီး တည်ဆောက်ချိန် ရရှိလိုပြီး အဲဒီလိုဖြစ်ဖို့ဆိုရင် နိုင်ပွဲတွေနဲ့ စတင်ရမှာဖြစ်ကြောင်း နည်းပြ ရိုဆင်နီယာက ပြောပါတယ်။
အသင်းတိုင်းမှာ မတူညီတဲ့ စီမံကိန်းတွေ ရှိပေမဲ့ စီမံကိန်းတွေရဲ့ အဓိကရည်မှန်းချက်ကလည်း နိုင်ပွဲတွေ စတင်ရယူနိုင်ဖို့ဖြစ်တယ်လို့ နည်းပြ ရိုဆင်နီယာက ပြောသွားပါတယ်။


