
ကစားသမားအားလုံးရဲ့ စွမ်းဆောင်ရည်အပေါ် အားရကျေနပ်ကြောင်း ချဲလ်ဆီးနည်းပြသစ် လီယန်ရိုဆီနီယာက ပြောသွားပါတယ်။
မနေ့ညက ချာတန်အသင်းကို ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ အက်ဖ်အေဖလားပွဲစဉ် အပြီးမှာ အရန်ကစားသမား အများစုကို ပွဲထုတ်ခဲ့ပေမဲ့ ပွဲထွက်ကစားသမားတွေရဲ့ စွမ်းဆောင်ရည်အပေါ် ကျေနပ်ကြောင်း နည်းပြသစ်က ပြောသွားတာပါ။
ဦးဆောင်ဂိုးက အရေးပါတဲ့အချိန်မှာ ချိန်သားကိုက် ရရှိခဲ့တာဖြစ်ပြီး ကစားသမားအားလုံး ပရော်ဖက်ရှင်နယ်ကျကျ ကစားနိုင်ခဲ့ကြောင်း၊ မိမိကစားသမားတွေရဲ့ အရည်အသွေးက အလွန်ထူးချွန်ပြီး ရှေ့ဆက်သွားဖို့အတွက် အလွန်ကောင်းမွန်တဲ့စတင်မှု ဖြစ်ခဲ့ကြောင်း နည်းပြသစ် ရိုဆီနီယာက ပြောပါတယ်။
အဖွင့်ဂိုးသွင်းခဲ့တဲ့ ဟာတိုက ချဲလ်ဆီးအသင်းရဲ့ အက်ဖ်အေဖလားသမိုင်းမှာ အသက်အငယ်ဆုံး ဂိုးသွင်းသူ ဖြစ်လာခဲ့ပြီး ချဲလ်ဆီးအနေနဲ့ နောက်ဆုံး ၂၈ ရာသီမှာ စတုတ္ထအဆင့်ကို ၂၇ ကြိမ်မြောက် တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။


