
ဘရိုက်တန်နဲ့ အက်ဖ်အေဖလားပွဲစဉ်ကို နည်းပြ ဖလက်ချာက ဆက်လက်တာဝန်ယူသွားမယ်လို့ အတည်ပြုသွားပါတယ်။
ယူနိုက်တက်ဟာ ဖလက်ချာကို ဘန်လေနဲ့ပွဲစဉ် တပွဲလောက်ကိုပဲ ယာယီတာဝန်ပေးဖို့ စီစဉ်ထားပေမဲ့ နည်းပြသစ် ခန့်အပ်နိုင်ခြင်း မရှိသေးတာကြောင့် ဖလက်ချာကို ဆက်လက် တာဝန်ပေးအပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။
ဘရိုက်တန်နဲ့ အက်ဖ်အေဖလား ပွဲစဉ်ကိုလည်း တာဝန်ယူရမယ်ဆိုတာ အသင်းဘုတ်အဖွဲ့နဲ့ အတည်ပြုချက် ရယူထားပြီးဖြစ်ကြောင်းနဲ့ ဘန်လေနဲ့ပွဲမှာ နိုင်ပွဲမရခဲ့တဲ့အပေါ် စိတ်ပျက်မိကြောင်း နည်းပြ ဖလက်ချာက ပြောပါတယ်။
ဒါပေမဲ့ အသင်းကို ဦးဆောင်ရတဲ့ အတွေ့အကြုံတွေ၊ ပြင်ဆင်မှုတွေ၊ ပရိသတ်တွေရဲ့ အားပေးမှုတွေက နှစ်သက်စရာကောင်းပြီး မိမိအတွက် ဂုဏ်ယူစရာဖြစ်ကြောင်း ယာယီနည်းပြ ဖလက်ချာက ပြောပါတယ်။
ယူနိုက်တက်ဟာ ရာသီကုန်ဆုံးချိန်အထိ ယာယီနည်းပြနဲ့ပဲ တာဝန်ပေးထားဖို့ရှိပြီး နည်းပြဟောင်း ဆိုးလ်ရှားနဲ့ မိုက်ကယ်ကာရစ်တို့ ၂ ယောက်ထဲက တယောက်ကို တာဝန်ပေးမယ်လို့ သတင်းထွက်နေပါတယ်။
Photo:Reuters


