
မန်ယူနိုက်တက် ယာယီနည်းပြအဖြစ်တာဝန်မယူခင်မှာ ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်နဲ့ ဆွေးနွေးပြီး အကြံအဉာဏ်ရယူခဲ့ကြောင်း နည်းပြ ဒါရင်းဖလက်ချာက ပြောပါတယ်။
ဖလက်ချာဟာ မန်ယူနိုက်တက် လူငယ်အသင်းကို တာဝန်ယူနေစဉ် နည်းပြအာမိုရင် ထုတ်ပယ်ခံခဲ့ရပြီးနောက် ယာယီနည်း ပြအဖြစ် တာဝန် ပေးအပ်ခံခဲ့ရတာပါ။
အဓိကဆုံးဖြတ်ချက်တွေမှာ ဆာအဲလ်လက်စ်ဖာဂူဆန်ဆီနဲ့ ဆွေးနွေးပြောဆိုမှုမလုပ်ဘဲ ဆုံးဖြတ်ချက် မချချင်တာကြောင့် အကြံအဉာဏ်ရယူခဲ့တာဖြစ်ပြီး ဆာအဲလက်စ်ရဲ့ ကောင်းချီးပေးမှုတွေရရှိခဲ့ကြောင်း ဖလက်ချာက ပြောပါတယ်။
ဖာဂူဆန်နဲ့ အလွန်ကောင်းမွန်တဲ့ဆက်ဆံရေးရှိပြီး ဖာဂီဟာ အရေးပါတဲ့ ဆုံးဖြတ်ချက်တွေ မလုပ်ခင်မှာ တိုင်ပင်အကြံဉာဏ်ရယူဖို့ ထိုက်တန်သူဖြစ်ကြောင်းလည်း ဖလက်ချာကပြောသွားပါ တယ်။
Photo: Reuters


