
မန်ယူဂိုးသမားသစ် ဆမ်နဲလမ်မန်စ်ရဲ့ လက်စွမ်းကို အသင်းဂန္ထဝင်နည်းပြ ဆာအဲလက်စ် ဖာဂူဆန်က ချီးကျူးသွားပါတယ်။
ယူနိုက်တက်အသင်းဟာ အောက်တိုဘာ ၄ ရက်က ကစားခဲ့တဲ့ ဆန်းဒါလန်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ ဂိုးသမားသစ် ဆမ်နဲလမ်မန်စ်ကို ပွဲဦးထွက်အသုံးပြုခဲ့ပြီး လမ်မန်စ်ပွဲ ထွက်ကစားခဲ့တဲ့ နောက်ဆုံး ၅ ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့ဘဲ ၃ ပွဲနိုင် ၂ ပွဲ သရေကျခဲ့တာပါ။
ယူနိုက်တက်ရဲ့ လက်မှတ်ထိုးခေါ်ယူမှုတွေထဲမှာ လမ်မန်စ်က ထူးချွန်တဲ့ ဂိုးသမားဖြစ်ပြီး ၃-၄ပွဲ လောက်ပဲကစားရသေးပေမဲ့ အမှန်တကယ်ကောင်းမွန်တဲ့ လက်စွမ်းပြသနိုင်ခဲ့ကြောင်း နည်းပြဟောင်း ဖာဂူဆန် က ချီးကျူးပါတယ်။
မန်ယူနိုက်တက်အသင်းမန်နေဂျာတယောက်အနေနဲ့ အောင်မြင်မှုရယူနိုင်ဖို့ လိုအပ်ပြီး လက်ရှိအသင်းရဲ့ စွမ်းဆောင်နိုင်မှုတွေက လမ်းကြောင်းမှန်ကို ဦးတည်နေကြောင်း ဖာဂူဆန်က ချီးကျူးသွားပါတယ်။


