
ဆာအဲလက်စ်ဖာဂူဆန်ရဲ့ သားတယောက်ဖြစ်တဲ့ ဒါရင်းဖာဂူဆန်ဟာ လိဂ်ဝမ်းကလပ် ပီတာဘရော့ချ် အသင်းရဲ့ နည်းပြရာထူးကနေ ထုတ်ပယ်ခံလိုက်ရပါတယ်။
အသက် ၅၃ နှစ်ရှိပြီဖြစ်တဲ့ ဒါရင်းဖာဂူဆန်ဟာ ပီတာဘရော့ချ်အသင်းကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလကစတင်ပြီး ၄ ကြိမ်မြောက် တာဝန်ယူ ကိုင်တွယ်နေတာဖြစ်ပြီး လိဂ်ဝမ်းအမှတ်ပေးဇယား အောက်ဆုံးမှာ ရောက်ရှိခဲ့ပြီးနောက် ရာထူးကနေ ထပ်မံ ထုတ်ပယ်ခံခဲ့ရတာပါ။
ဒါရင်းဖာဂူဆန်ဟာ ၂၀၀၈ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိ ပီတာဘရော့ချ်ကို ပထမဆုံးအကြိမ်တာဝန်ယူခဲ့ပြီး ၂၀၁၁ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ ဒုတိယအကြိမ်၊ ၂၀၁၉ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အထိ တတိယအကြိမ် တာဝန်ယူခဲ့သူပါ။
အဲဒီနောက် ၂၀၂၃ ဇန်နဝါရီမှာ ၄ ကြိမ်မြောက် ပြန်လည်တာဝန်ယူခဲ့ပြီး လက်ရှိအချိန်မှာ ထုတ်ပယ်ခံခဲ့ရတာပါ။
မန်ယူနိုက်တက်ဂန္ထဝင် နည်းပြကြီး ဖာဂူဆန်မှာ သား ၃ ယောက်ရှိပြီး ဒါရင်းဖာဂူဆန်က အမြွှာ ၂ ယောက်ထဲက တယောက် ဖြစ်ပါတယ်။
အကြီးဆုံးသားဖြစ်သူ မာ့ခ်ဖာဂူဆန်က ဘောလုံးလောက ကမဟုတ်ပေမဲ့ ဒါရင်းနဲ့ ဂျက်ဆန်တို့ အမြွှာ ၂ ယောက်ကတော့ ဘောလုံးနည်းပြတွေအဖြစ် လုပ်ကိုင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။




