
ပိုလန် လက်ရွေးစင်နည်းပြရာထူးအတွက် သတင်းထွက်နေတဲ့အပေါ် နည်းပြ ဆောက်ဂိတ်က ငြင်းဆိုသွားပါတယ်။
အင်္ဂလန်နည်းပြဟောင်းဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လကတည်းက အင်္ဂလန်အသင်းနဲ့ လမ်းခွဲခဲ့တာဖြစ်ပြီး အသင်းလက်မဲ့ဖြစ်နေတာ ၁၃ လကြာလောက် ရှိနေတာပါ။
ပိုလန်အသင်းက ဆောက်ဂိတ် ကို နည်းပြခန့်အပ်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတဲ့အပေါ်မှာလည်း လက်ရှိဘဝမှာ ပျော်ရွှင်နေပြီး လူငယ်နည်းပြတွေကို ကူညီပေးဖို့အတွက် စာအုပ်တအုပ် ရေးလက်စရှိနေသလို စီးပွားရေးဆိုင်ရာ ကိစ္စတွေလည်း လုပ်စရာရှိနေကြောင်း နည်းပြဆောက်ဂိတ်က ပြောပါတယ်။
လက်ရှိ အင်္ဂလန်အသင်းမှာ ကစားသမားကောင်းတွေ အများကြီးရှိပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ လူငယ်သွေးသစ်တွေလည်း ရှိနေကြောင်း နည်းပြဆောက်ဂိတ်က ပြောသွားပါတယ်။