
လစ်လပ်နေတဲ့ ဆွီဒင်လက်ရွေးစင်အသင်း နည်းပြရာထူးအတွက် ကမ်းလှမ်းမှုရှိလာမယ်ဆိုရင် လက်ခံသွားမယ်လို့ အင်္ဂလန်နည်းပြ ဂရေဟမ်ပေါ်တာက ပြောသွားပါတယ်။
ဘရိုက်တန်နဲ့ ချဲလ်ဆီးနည်းပြဟောင်း ပေါ်တာဟာ ပြီးခဲ့တဲ့လပိုင်းကမှ ဝက်စ်ဟမ်းနည်းပြ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရသူပါ။
ဆွီဒင်အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ကိုဆိုဗိုအသင်းကို ထပ်မံရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြ တွန်မက်ဆင်ကို ရာထူးကနေ ထုတ်ပယ်ခဲ့တာပါ။
လက်ကျန်ခြေစစ်ပွဲ ၄ ပွဲအတွက် နည်းပြသစ်တယောက် ရှာဖွေနေပြီး ဂရေဟမ်ပေါ်တာက လျာထားစာရင်းမှာ ပါဝင်နေသူပါ။
လက်ရှိအချိန်မှာ ဆွီဒင်က မိမိနေအိမ်မှာ ရောက်ရှိနေပြီး ဆွီဒင်နိုင်ငံနဲ့ ဆွီဒင်ဘောလုံးလောကကိုလည်း ချစ်မြတ်နိုးတာကြောင့် နည်းပြရာထူးအတွက် ကမ်းလှမ်းလာမယ်ဆိုရင် နှစ်သက်စရာကောင်းမွန်တဲ့ အခွင့်အရေးတခု ဖြစ်လာမယ်လို့ နည်းပြ ပေါ်တာက ပြောပါတယ်။
ပေါ်တာဟာ ဆွီဒင်ဘောလုံးနဲ့ မစိမ်းသူဖြစ်ပြီး ၂၀၁၁ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ ဆွီဒင်ကလပ် အော့စ်တာဆန်အသင်းကို စတုတ္ထတန်းကနေ ထိပ်ဆုံးလိဂ်ထိရောက်ရှိအောင် တာဝန်ယူခဲ့ဖူးသူ ဖြစ်ပါတယ်။




