
ဆွီဒင်နိုင်ငံ အမြောက်ဘက်ပိုင်းမှာရှိပြီး ၁၉၁၂ ခုနှစ်က တည်ဆောက်ထားတဲ့ နှစ်ပေါင်း ၁၁၃ နှစ်ရှိ သမိုင်းဝင် ဘုရားကျောင်းတခုကို မြေထဲကျွံဝင်ခြင်းကနေ ကာကွယ်ဖို့ ၃ မိုင်အကွာအဝေးကို တကျောင်းလုံး အလုံးလိုက် ရွှေ့ပြောင်းခဲ့ရပါတယ်။
ဘုရားကျောင်း ပြောင်းရွှေ့မှုဟာ ၁ နာရီကို မီတာ ၅၀၀ သာ အများဆုံးသွားနိုင်လို့ လိုအပ်တဲ့နေရာ ရောက်ဖို့ အချိန် ၂ ရက်ကြာမယ်လို့ ခန့်မှန်းရပါတယ်။
မြို့ဟောင်းနေရာမှာ သတ္တုတူးဖော်တဲ့ လုပ်ငန်းတွေ ရာစုနှစ်တခုကျော် လုပ်ဆောင်ခဲ့လို့ မြေတွေ ကျွံကျတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။
ဒီအနီရောင်ဘုရားကျောင်းဟာ ကီရူနာမှာရှိတဲ့ အဆောက်အအုံတွေအနက် လူသိများ ထင်ရှားတဲ့ ဘုရားကျောင်းတခု ဖြစ်ပါတယ်။
ဒီနေရာဟာ မြောက်ဝင်ရိုးစွန်း ၁၄၅ ကီလိုမှာ တည်ရှိနေတာ တွေ့ရပါတယ်။
ကီရန်နာချက်ဟာ အမြင့် ၁၁၅ ပေ၊ အကျယ် ၄၀ မီတာရှိကာ အလေးချိန် ၆၇၂ တန် ရှိပြီး ဆွီဒင်နိုင်ငံရဲ့ ၁၉၅၀ ပြည့်နှစ် အရှေ့ပိုင်းက ဆောက်လုပ်ထားတဲ့ အဆောက်အအုံတွေအနက် အလှဆုံးအဖြစ် မဲပေးရွေးချယ်ခံခဲ့ရဖူးပါတယ်။
အဆောက်အအုံကို ဖျက်ပြီး ရွှေ့တာထက် အလုံးလိုက် ရွှေ့ပြောင်းမှုဟာ ပုံမှန်တော့ မဟုတ်ပါဘူး။ အင်ဂျင်နီယာတွေက သံယက်မတွေနဲ့ အဆောက်အအုံအောက်မှာ မ ထားပြီး တွန်းပို့တာမျိုးနဲ့ ရွှေ့ပြောင်းတာပဲ ဖြစ်ပါတယ်။
ဒီလို ဘုရားကျောင်းကြီးတခုလုံး ရွှေ့ပြောင်းတဲ့နေရာမှာ ကြီးမားတဲ့ စိန်ခေါ်မှုကတော့ ဒီလောက်ကြီးတဲ့ အဆောက်အအုံ ရွှေ့ပြောင်းဖို့ လမ်းလုပ်ပေးရတာပဲ ဖြစ်ပါတယ်။
ရွှေ့ပြောင်းတဲ့ လမ်းတလျှောက်မှာရှိတဲ့ လမ်းမီးတိုင်တွေနဲ့ မီးပွိုင့်တိုင်တွေကို ရွှေ့ပြောင်းခဲ့ရပါတယ်။
Source: Reuters