
ဒီမနက်အစောပိုင်းက ကစားခဲ့တဲ့ ဆွီဒင်အသင်းနဲ့ အင်္ဂလန်အသင်းတို့ရဲ့ ယူရို ၂၀၂၅ အမျိုးသမီး ဘောလုံးပွဲစဉ်မှာ အင်္ဂလန် အမျိုးသမီးအသင်းက ပင်နယ်တီ အဆုံးအဖြတ်နဲ့နိုင်ပြီး အကြိုဗိုလ်လုပွဲ တက်သွားပါတယ်။
ဆွီဒင်အမျိုးသမီးအသင်းက ပွဲချိန်အစောပိုင်း ၂ မိနစ်နဲ့ ၂၅ မိနစ်တွေမှာ ဂိုးတွေသွင်းပြီး ပွဲကို အချိန်အတော်ကြာ ဦးဆောင်ခဲ့ပေမဲ့ ပွဲချိန်နှောင်းပိုင်းမှာ အင်္ဂလန်အမျိုးသမီးအသင်းက ၃ မိနစ်အတွင်း ချေပဂိုး ၂ ဂိုး ပြန်သွင်းခဲ့တာပါ။
ပင်နယ်တီ အဆုံးအဖြတ်မှာတော့ အင်္ဂလန်က ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ လက်ရှိမှာ ယူရို ၂၀၂၅ အမျိုးသမီးဘောလုံးပွဲစဉ်ရဲ့ အကြိုဗိုလ်လုပွဲကို အင်္ဂလန်နဲ့အတူ အီတလီလည်း တက်ရောက်ထားပြီ ဖြစ်ပါတယ်။