
Marks & Spencer ၊ Co-op နဲ့ Harrods တို့အပါအဝင် အင်္ဂလန်ရှိ နာမည်ကြီး စျေးဝယ်စင်တာတွေကို ထိခိုက်စေတဲ့ ဆိုင်ဘာတိုက်ခိုက်မှုတွေကို ရဲစုံစမ်းမှုတခုအတွင်း လူငယ် ၄ ယောက်က ဖမ်းဆီးခံထားရကြောင်း ဗြိတိန်အမျိုးသားပြစ်မှုတိုက်ဖျက်ရေးဌာနက ဇူလိုင် ၁၀ ရက်မှာ ကြေညာပါတယ်။
Marks & Spencer မှာ ဆိုက်ဘာတိုက်ခိုက်မှုက အဆိုးရွားဆုံးဖြစ်ပြီး လည်ပတ်မှုအမြတ်ငွေ ပေါင် သန်း ၃၀၀ (ဒေါ်လာ ၄၀၉ သန်း) လောက် ဆုံးရှုံးခဲ့ရတာပါ။
အမျိုးသား ရာဇဝတ်မှုတိုက်ဖျက်ရေးဌာန (NCA) ဟာ ကြာသပတေးနေ့က အင်္ဂလန်အလယ်ပိုင်းရှိ West Midlands နဲ့ လန်ဒန်တို့မှာ အသက် ၁၉ နှစ်အရွယ် အမျိုးသား ၂ ယောက်၊ အသက် ၁၇ နှစ်ရှိ အမျိုးသား တယောက်နဲ့ အသက် ၂၀ နှစ်အရွယ် အမျိုးသမီး တယောက်တို့ကို လက်ရ ဖမ်းဆီးခဲ့ပြီး သူတို့ဟာ ကွန်ပျူတာ အလွဲသုံးစားမှု အက်ဥပဒေ၊ ခြိမ်းခြောက်ငွေတောင်းခံမှု၊ ငွေမည်းခဝါချမှု၊ ရာဇ၀တ်ဂိုဏ်း လှုပ်ရှားမှုတွေမှာ ပါဝင်ဆောင်ရွက်မှု သံသယတွေနဲ့ ဖမ်းဆီးထားကြောင်း ပြောပါတယ်။
သူတို့ ၄ ယောက် စလုံးကို သူတို့ရဲ့ နေရပ်လိပ်စာမှာပဲ ဖမ်းဆီးခဲ့ကာ လတ်တလော ထိန်းသိမ်းထားပြီး သူတို့ရဲ့ အီလက်ထရွန်းနစ်ပစ္စည်းတွေကိုလည်း ဒီဂျစ်တယ်မှုခင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာချက်အတွက် သိမ်းဆည်းခဲ့ကြောင်းလည်း NCA က ဆိုပါတယ်။
Source:Reuters