
ဝက်စ်ဟမ်းအသင်းဟာ အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ဘရိုက်တန်တိုက်စစ်မှူး အီဗန်ဖာဂူဆန် ကို အငှားစာချုပ်နဲ့ခေါ်ယူလိုက်ပါတယ်။
အသက်၂၀ ရှိ အိုင်ယာလန်တိုက်စစ်မှူးဟာ မနှစ်ကရာသီက အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့ပေမဲ့ အခုနှစ်ရာသီမှာတော့ ၁၅ ပွဲပဲ ကစားခဲ့ရပြီး ခြေစွမ်းပြသနိုင်ဖိုရုန်းကန်ခဲ့ရသူပါ။
ဝက်စ်ဟမ်းအသင်းက ဘယ်လောက်ကြီးကျယ်ခမ်းနားတဲ့အသင်းလဲဆိုတာ သိရှိပြီး နည်းပြဂရေဟမ်ပေါ်တာနဲ့လည်း အတူအလုပ်လုပ်ခဲ့ဖူးတာကြောင့် ကြီးမား တဲ့အခွင့်အရေးတရပ် ဖြစ်ကြောင်း စာချုပ်ချုပ်ဆိုအပြီးမှာ ဖာဂူဆန်က ပြောပါတယ်။
ဝက်စ်ဟမ်းနည်းပြသစ် ဂရေဟမ်ပေါ်တာအနေနဲ့ အသင်းရဲ့ အဓိကတိုက်စစ် ကစားသမား ၄ ယောက်အထိဒဏ်ရာရနေတာကြောင့် အသင်းဟောင်းက တိုက်စစ်မှူး ဖာဂူဆန်ကိုခေါ်ယူပြီး အင်အားဖြည့်တင်းခဲ့တာ ဖြစ်ပါတယ်။
Photo: Reuters