
ဝက်စ်ဟမ်းအသင်းက အသင်းကြီးတသင်းဖြစ်ပြီး လန်ဒန်ရဲ့ အသည်းနှလုံးတခုလို ဖြစ်ကြောင်း နည်းပြသစ် ဂရေဟမ်ပေါ်တာက ပြောသွားပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ စပိန်နည်းပြ လိုပတ်တီဂူကို ထုတ်ပယ်ပြီး နောက်မှာ အင်္ဂလန်နည်းပြ ပေါ်တာကို ခေါ်ယူခန့်အပ်ခဲ့တာပါ။
ယူရိုကွန်းဖရင့်လိဂ်မှာ ဝက်စ်ဟမ်းအသင်းချန်ပီယံဖြစ်စဉ်ကတည်းက ကမ္ဘာတဝန်းက ပရိသတ်တွေရဲ့အားပေးမှုကို မြင်တွေ့ခဲ့ရလို့ ဝက်စ်ဟမ်းက အသင်းကြီးတသင်းဖြစ်ကြောင်း နည်းပြပေါ်တာက ပြောပါတယ်။
ချဲလ်ဆီးကနေ ထွက်ခွါပြီးနောက်ပိုင်းကတည်းက ကိုယ်နဲ့သင့်တော်မှန်ကန်မယ့် အသင်းတသင်းရဲ့ ကမ်းလှမ်းချက်ကို စောင့်မျှော်နေခဲ့ပြီး ဝက်စ်ဟမ်းက မှန်ကန်သင့်တော်တဲ့အသင်းဖြစ်လို့ ပြောင်းရွှေ့လာခဲ့တာလို့ နည်းပြ ဂရေဟမ်ပေါ်တာကပြောပါတယ်။
ဝက်စ်ဟမ်းဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း စွမ်းဆောင်ရည်တိုးတက်လာတဲ့ အသင်းဖြစ်တာကြောင့်လည်း ကမ်းလှမ်းချက် ကိုလက်ခံခဲ့တာဖြစ်ကြောင်း နည်းပြသစ်ပေါ်တာက ပြောသွားပါတယ်။