မနေ့ညက ကစားသွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်စီးတီးက တိုက်စစ်မှူး ဟာလန်းရဲ့ သွင်းဂိုးတွေနဲ့ အတူ ဝက်စ်ဟမ်းကို ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပါတယ်။
တပွဲတည်း ၂ ဂိုး မသွင်းနိုင်တာ ၃ လခန့်ကြာမြင့်နေတဲ့ ဟာလန်းဟာ ဝက်စ်ဟမ်းနဲ့ပွဲမှာ ပုံမှန်ခြေစွမ်း ပြန်လည်ရရှိခဲ့တာပါ။
မန်စီးတီးအတွက် ဂိုးတွေကို ဟာလန်းက ၂ ဂိုး၊ ဖိုဒမ်က ၂ ဂိုး၊ ပြိုင်ဘက်ရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမှုကနေ တဂိုး ရရှိခဲ့တာဖြစ်ပြီး မန်စီးတီးအသင်းအတွက် ပြီးခဲ့တဲ့ အောက်တိုဘာလ နောက်ပိုင်း ပထမဆုံးအကြိမ် ၂ ပွဲဆက်နိုင်ပွဲပြန်ရခဲ့တာပါ။
၂ ပွဲဆက် အနိုင်ရလဒ်ကြောင့် မန်စီးတီးအသင်းက အဆင့် ၆ နေရာမှာ ရပ်တည်နေပြီး ဥရောပချန်ပီယံလိဂ်ဝင်ခွင့်အတွက် ပိုမိုအခွင့်အရေးကောင်းမွန်လာခဲ့ပါတယ်။