အသင်းနဲ့စာချုပ်သစ်ချုပ်ဆိုဖို့ကိစ္စ တိုးတက်မှုမရှိသေးကြောင်း ကွင်းလယ်လူ ဒီဘရိုင်းက ပြော သွားပါတယ်။
ဘယ်လ်ဂျီယံကစားသမားဟာ မန်စီးတီးနဲ့ နောက်ဆုံး ၆ လတာကာလ ရောက်ရှိနေပြီး ရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာပါ။
ဒါပေမဲ့ အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ကိစ္စ တိုးတက်လာမှုမရှိသေးကြောင်း သတင်းထောက်တယောက်ရဲ့ အမေးကို ဒီဘရိုင်းက ပြန်လည်ဖြေကြားခဲ့တာပါ။
ဒီဘရိုင်းကိုခေါ်ယူဖို့ ဆော်ဒီကလပ်တွေက စိတ်ဝင်စားနေသလို အမေရိကန်မေဂျာလိဂ်ကလပ် တွေကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
၂၀၁၅ ခုနှစ်ကတည်းက မန်စီးတီးဆီရောက် ရှိနေတဲ့ ဒီဘရိုင်းဟာ အခုနှစ်ရာသီက သူ့အတွက် ၁၀ နှစ်မြောက် ဘောလုံးရာသီ ဖြစ်ပါတယ်။
Photo-Reuters