မန်စီးတီးအသင်းအနေနဲ့ ရလဒ်မကောင်းသေးသည့်တိုင် အရှုံးမပေးဘဲ ဆက်ပြီးတိုက်ပွဲဝင်သွားမယ်လို့ နည်းပြ ပတ်ဂွါဒီယိုလာက ပြောသွားပါတယ်။
နောက်ဆုံး ၁၃ ပွဲမှာ ၁ ပွဲသာအနိုင်ရရှိခဲ့တဲ့ မန်စီးတီးအသင်းဟာ ချန်ပီယံဆုကို ကာကွယ်ဖို့ထက် ဥရောပချန်ပီယံလိဂ်ဝင်ခွင့် ရဖို့အတွက်ပါ စိုးရိမ်စရာ ဖြစ်လာခဲ့တာပါ။
နည်းပြဂွါဒီယိုလာကတော့ ရလဒ်မကောင်းဖြစ်နေပေမဲ့ အရှုံးပေးမှာ မဟုတ်ဘဲ ဆက်လက်တိုက်ပွဲဝင်သွားမှာ ဖြစ်ကြောင်း၊ အတိတ်ကာလတွေမှာလည်း အလားတူ အခြေအနေတွေ ကြုံတွေ့ခဲ့ရပေမဲ့ ဆုဖလားတွေများစွာရယူပြီး သက်သေပြခဲ့ပြီးသားဖြစ်ကြောင်း ဂွါဒီယိုလာကပြောပါတယ်။
ဒဏ်ရာရ ကစားသမားတွေ ပြန်ပါလာဖို့က အရေးပါပြီး တတ်နိုင်သမျှ စိတ်အေးအေးထားပြီး ကြိုးစားကစားသွားမယ်ဆိုရင် ရလဒ်ကောင်းပြန်ရလာမယ်လို့ ယုံကြည်ကြောင်းလည်း ဂွါဒီယိုလာက ပြောသွားပါတယ်။