မန်စီးတီးအသင်းဟာ ဂျာမန်ကလပ် လီဗာကူဆင် ကွင်းလယ်တိုက်စစ်ကစားသမား ဖလော်ရီယန်ဝါ့ဇ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်လာပါတယ်။
ဂျာမန်ကစားသမားဟာ မနှစ်ကရာသီမှာ လီဗာကူဆင်အတွက် ပထမဆုံး ဘွန်ဒက်စ်လီဂါချန်ပီယံ ဆုဖလား ရယူခဲ့ရာမှာ အကောင်းဆုံးခြေစွမ်းပြသခဲ့သူပါ။
ဂျာမနီလက်ရွေးစင်အသင်းမှာလည်း ခြေစွမ်းပြနေသူ ဝါ့ဇ်အတွက် လီဗာကူဆင်ဘက်က ပေါင် ၁၂၄ သန်းအထိ အလိုရှိခဲ့ပေမဲ့ ပြန်လည်စဉ်းစားသုံးသပ်ဖို့ ရှိတယ်လို့ သိရပါတယ်။
အသက် ၂၁ နှစ်ရှိ ဝါ့ဇ်ကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့က ခက်ခဲမှာဖြစ်ပြီး စာချုပ်သက်တမ်းတိုးဖို့ အဆင်မပြေသေးကြောင်း လီဗာကူဆင်အသင်းစီအီးအို ကာရိုက ပြောပါတယ်။
ဖလော်ရီယန်ဝ့ါဇ်ကို ခေါ်ယူနိုင်ဖို့ ဘိုင်ယန်မြူးနစ်ကလည်း စိတ်ဝင်စားနေပြီး မန်စီးတီးအသင်းဘက်က လက်ဦးမှုရယူနိုင်ဖို့ မျှော်လင့်နေပါတယ်။