ရလဒ်တွေပြန်လည်ကောင်းမွန်လာဖို့ နည်းလမ်းတခုရှာဖွေဖို့ လိုအပ်ကြောင်း မန်စီးတီးနည်းပြ ပတ်ဂွါဒီယိုလာက ပြောသွားပါတယ်။
မန်စီးတီးဟာ ပြီးခဲ့တဲ့တပတ်က မန်ယူအသင်းနဲ့ မန်ချက်စတာ ဒါဘီမှာရှုံးပွဲတွေ့ခဲ့သလို စနေနေ့က ကစားခဲ့တဲ့ ဗီလာနဲ့ပွဲမှာလည်း ၂ ဂိုး ၁ဂိုးနဲ့ ရှုံးပွဲထပ်တွေ့ခဲ့တာပါ။
နောက်ဆုံး ပရီးမီးယားလိဂ် ၈ ပွဲမှာ ၁ ပွဲသာအနိုင်ရခဲ့ပြီးနောက် ရလဒ်ကောင်းပြန်ရဖို့ နည်းလမ်းရှာ ဖွေသွားဖို့ လိုအပ်ကြောင်းနည်းပြဂွါဒီယိုလာက ပြောပါတယ်။
ဗဟိုခံစစ်မှာ ကြံ့ခိုင်မှုကောင်းမွန်တဲ့ ကစားသမားတယောက်ပဲရှိတာက ခက်ခဲစေကြောင်း၊ ရလဒ်ဆိုးတာတွေက အကြောင်းအရာတခုတည်း ကြောင့်မဟုတ်ဘဲ အကောင်းဆုံးပုံစံကို အနှေးနဲ့ အမြန် ပြန်ရလိမ့်မယ်လို့ နည်းပြဂွါဒီယိုလာက ပြောသွားပါတယ်။