မန်စီးတီးအသင်းအနေနဲ့ အခုနှစ်ရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ရည်မှန်းချက်မရှိတော့ ကြောင်း နောက်ခံလူ အကန်ဂျီက ပြောသွားပါတယ်။
မနေ့ညက ကစားခဲ့တဲ့ အဲဗာတန်နဲ့ပွဲမှာ တစ်ဂိုးစီ သရေကျခဲ့ပြီးနောက် မန်စီးတီးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၃ ပွဲမှာ ၁ ပွဲသာ အနိုင်ရရှိခဲ့တာပါ။
ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာလည်း အဆင့် ၁ က လီဗာပူးထက် ၂ ပွဲပို ကစားပြီး ၁၁ မှတ်အထိ ကွာဟနေတာပါ။
နောက်ခံလူ အကန်ဂျီကတော့ လက်ရှိအချိန်မှာ ချန်ပီယံအတွက် ပစ်မှတ်ထား ရည်မှန်းခြင်းမရှိတော့ဘဲ တပွဲချင်းစီသာ အာရုံစိုက်ကစားသွားရမှာဖြစ်ကြောင်း ပြောပါတယ်။
ရလဒ်မကောင်းဖြစ်နေပေမဲ့ အပေါင်းအသင်းရဲ့စွမ်းဆောင်ရည်အပေါ် အကောင်းမြင်စိတ် ထားသွားရမှာဖြစ်ပြီး ဂိုးသွင်းခွင့်အများအပြားရရှိခဲ့တာက တိုးတက်လာမှုတခုဖြစ်တယ်လို့ အကန် ဂျီက ပြောသွားပါတယ်။