ဘာစီလိုနာကွင်းလယ်လူ ဒယ်နီအော်လ်မိုဟာ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေပါတယ်။ စပိန်ကွင်းလယ်တိုက်စစ်ကစားသမားဟာ အခုနှစ်ရာသီအစပိုင်းကမှ ဂျာမန်ကလပ် လိုက်ပ်ဇစ် ကနေ ဘာစီလိုနာဆီ ပေါင်သန်း ၅၀နဲ့ ပြောင်းရွှေ့ကစားခဲ့တာပါ။
ဘာစီလိုနာအသင်းရဲ့ ဘဏ္ဍာရေးဆိုင်ရာ အကျပ်အတည်းတွေကြောင့် အော်လ်မိုကို လာလီဂါမှာ ကစားသမားမှတ်ပုံတင်စာရင်းတင်သွင်းဖို့ အခက်အခဲရှိလာခဲ့တာပါ။
ဒီလိုအခြေအနေမှာ အော်လ်မိုရဲ့အေးဂျင့်ဖြစ်သူ အန်ဒီဘာရာဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အပြောင်းအရွှေ့ကိစ္စဆွေးနွေးခဲ့တယ်လို့ သတင်းတွေမှာဖော်ပြပါတယ်။
ခရိုအေးရှားအေးဂျင့် ဘာရာဟာ နောက်ခံလူ ဂဗာဒီယိုကိုလည်း လိုက်ပ်ဇစ်ကနေ မန်စီးတီးအသင်းဆီ ခေါ်ဆောင်ပေးခဲ့ပြီး အော်လ်မိုကိုလည်း မန်စီးတီးဆီ ပြောင်းရွှေ့ဖို့ ဆွေနွေးခဲ့တာလို့ သိရပါတယ်။