ဘာစီလိုနာအသင်းဟာ ချဲလ်ဆီးအသင်းမှာ မပျော်မရွှင်ဖြစ်နေတဲ့ ပြင်သစ်တိုက်စစ်ကစားသမား အန်ကမ်ကူကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
အသက် ၂၇ နှစ်ရှိ ပြင်သစ်လက်ရွေးစင် ကစားသမားဟာ အနောက်လန်ဒန်ကလပ်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေတာကြောင့် မပျော်မရွှင်ဖြစ်နေတယ်လို့ သိရပါတယ်။
နည်းပြ မာရက်စ်ကာဟာ အန်ကမ်ကူကို ဖလားပွဲတွေနဲ့ ကွန်းဖရင့်လိဂ်တွေမှာပဲ ပွဲထွက်ခွင့်ပေးခဲ့ပြီး ၁၀ ဂိုးအထိ သွင်းယူနိုင်ခဲ့တာပါ။
ဘာစီလိုနာအသင်းဟာ အန်ကမ်ကူရဲ့ အေးဂျင့်ဖြစ်သူ ဇာဟာဗီထံ ဆက်သွယ်မေးမြန်းခဲ့ပြီး ခေါ်ယူနိုင်မယ့် အစီအစဉ်တွေကို မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ လာမယ့် ဇန်နဝါရီမှာ ကမ်းလှမ်းဖို့တော့ မရှိသေးဘဲ နောက်နှစ်ရာသီမှာ ခေါ်ယူနိုင်ဖို့ ဘာစီလိုနာဘက်က ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။