စပိန်ကွင်းလယ်ကစားသမားဟောင်း သီယာဂိုအယ်ကန်တာရာဟာ အသင်းဟောင်း ဘာစီလိုနာ နည်းပြအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်တော့မှာပါ။
အသက် ၃၃ နှစ်ပဲရှိသေးတဲ့ အယ်ကန်တာရာဟာ လီဗာပူးအသင်းမှာ နောက်ဆုံးကစားခဲ့ပြီး ဒဏ်ရာပြဿနာတွေကြောင့် ကစားသမားဘဝကနေ အနားယူခဲ့တာပါ။
ပြီးခဲ့တဲ့နွေရာသီကတည်းက ဘာစီလိုနာအသင်းဆီပြန်သွားခဲ့ပြီး နည်းပြ ဟန်ဆီဖလစ်ဆီမှာ နည်းပြ အတွေ့အကြုံတွေ လေ့လာသင်ယူခဲ့သူပါ။
လာမယ့် ဇန်နဝါရီလမှာတော့ ဘာစီလိုနာအသင်းရဲ့ နည်းပြအဖွဲ့ဝင်အဖြစ် တရားဝင် တာဝန်ထမ်းဆောင်မှာ ဖြစ်ကြောင်း မာကာသတင်းစာကဖော်ပြပါတယ်။
နည်းပြဟန်ဆီဖလစ်နဲ့ သီယာဂိုတို့ဟာ ဘိုင်ယန်မြူးနစ်မှာကတည်းက အတူအလုပ် လုပ်ခဲ့ဖူးသူတွေ ဖြစ်ပါတယ်။
Photo: Reuters