မန်ယူနိုက်တက်အသင်းဟာ ဘာစီလိုနာနည်းပြဟောင်း ဇာဗီကို နည်းပြချုပ်အဖြစ် တာဝန်ပေးအပ်ဖို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
လက်ရှိအသင်းနည်းပြ အဲရစ်တန်ဟတ်ဂ်ရဲ့ အနာဂတ်ဟာ ဝေဝါးလာခဲ့ပြီးနောက် မန်ယူအသင်းက နည်းပြသစ် အစားထိုးဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့တာပါ။
မန်ယူအသင်း စီအီးအို အိုမာဘာရာဒါ ဦးဆောင်တဲ့ ၄ ယောက်ပါ မန်ယူအသင်း တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်က ဘာစီလိုနာမြို့ဆီ ထွက်ခွာသွားခဲ့ပြီး နည်းပြဇာဗီနဲ့ တွေ့ဆုံခဲ့ပါတယ်။
မန်ယူအသင်းဟာ ဇာဗီကို နည်းပြခန့်အပ်ဖို့ အဆင်မပြေခဲ့ဘူးဆိုရင် စပို့တင်းလစ္စဘွန်းနည်းပြ အာမိုရင်နဲ့ ဒေါ့မွန်နည်းပြဟောင်း တာဇစ်တို့ကို ဆက်လက်ဆွေးနွေးသွားမယ်လို့ သတင်းထွက်ပေါ်နေပါတယ်။