Home
အားကစား
ဇန်နဝါရီအပြောင်းအရွှေ့တွင် ဒီယောင်ကို ခေါ်ယူရန် မန်ယူအသင်း ထပ်ကြိုးစားမည်
DVB
·
October 20, 2024
Photo - REUTERS/Ciro De Luca

မန်ယူအသင်းဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ဘာစီလိုနာကွင်းလယ်လူ ဖရန့်ကီဒီယောင်ကို ခေါ်ယူဖို့ ထပ်မံကြိုးပမ်းနေတယ်လို့ သိရပါတယ်။

အသက် ၂၇ နှစ်ရှိ ဟော်လန်ကွင်းလယ်လူဟာ အခုနှစ်ရာသီမှာ ဘာစီလိုနာအတွက် ၂ ပွဲသာ ကစားခွင့်ရရှိထားပြီး ဒူးဒဏ်ရာကြောင့် အနားယူနေရတာပါ။

နည်းပြတန်ဟတ်ဂ်ဟာ အသင်းကို တိုးတက်မှုတွေရှိလာဖို့အတွက် လုပ်ဆောင်နေတာဖြစ်ပြီး ဒီယောင်ကိုခေါ်ယူနိုင်မယ်ဆိုရင် အသင်းရဲ့ ကစားပုံပိုမိုကေင်းမွန်လာမယ်လို့ ယုံကြည်နေပါတယ်။

ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ဟာ ဒီယောင်ကို ဆက်ထိန်းထားလိုပေမဲ့ တာဝန်ရှိသူတွေနဲ့ တိုင်ပင်ပြီးမှသာ တိကျတဲ့ ဆုံးဖြတ်ချက်ထွက်ပေါ်လာမှာ ဖြစ်တယ်လို့သိရပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013