မန်ယူအသင်းဟာ အခုနှစ်ရာသီအကုန်မှာ ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာမယ့် နောက်ခံလူ အယ်လ်ဖွန်ဆိုဒေးဗီးစ်ကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်နဲ့ အပြိုင်ကြိုးပမ်းနေပါတယ်။
ကနေဒါ ဘယ်နောက်ခံလူဟာ အခုနှစ်ရာသီအကုန်မှာ ဘိုင်ယန်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး အသင်းသစ် ရှာဖွေသွားရမှာပါ။
မန်ယူအသင်းဟာ ဒေးဗီးစ်ရဲ့ အခြေအနေကို စောင့်ကြည့်နေပြီး လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ အကြိုသဘောတူညီမှုရယူနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
ဒေးဗီးစ်ကို ခေါ်ယူဖို့ စပိန်ကလပ် ရီးရဲလ်မက်ဒရစ်ကလည်း ကြိုးပမ်းနေပြီး မန်ယူအသင်းနဲ့ အပြိုင် ကြိုးပမ်းသွားရ ဖို့ရှိပါတယ်။
မန်ယူအသင်းဟာ ပြီးခဲ့တဲ့ နွေရာသီကလည်း ဘိုင်ယန်နောက်ခံလူတွေဖြစ်ကြတဲ့ ဒီလစ်နဲ့ မက်ဇ်ရာအိုယူတို့ကို ခေါ်ယူခဲ့ပါသေးတယ်။