မန်ယူအသင်းကို အပြောင်းအလဲ တစုံတရာ လုပ်ဆောင်ဖို့ လိုအပ်ကြောင်း အသင်းခေါင်းဆောင်ဟောင်း ဝိန်းရွန်နီက ပြောသွားပါတယ်။
မန်ယူအသင်းဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၁၄ ရောက်ရှိနေပြီး နည်းပြတန်ဟတ်ဂ်ရဲ့ အနာဂတ်ဟာလည်း မတည်မငြိမ် ဖြစ်လာနေတာပါ။
အင်္ဂလန်နဲ့ မန်ယူ တိုက်စစ်မှူးဟောင်း ရွန်နီကတော့ မန်ယူအသင်းမှာ အပြောင်းအလဲ တစုံတရာ လိုအပ်နေပြီး နည်းပြကို ထုတ်ပယ်သင့်တယ်လို့ ပြောဆိုတာမျိုးတော့ မဟုတ်ကြောင်း ရွန်နီက ပြောပါတယ်။
နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်ကတော့ အသင်းတာဝန်ရှိသူတွေနဲ့ နည်းပြတန်ဟတ်ဂ်တို့ရဲ့ ဆွေးနွေးမှုမှာ ပါဝင်ခြင်းမရှိခဲ့တာကြောင့် ဘယ်လိုဆုံးဖြတ်ချက်ချခဲ့သလဲဆိုတာ မသိရှိကြောင်း ပြောသွားပါတယ်။