မန်ယူအသင်းဟာ နည်းပြတန်ဟတ်ဂ်နေရာမှာ သောမတ်စ်တူဟယ်နဲ့ အစားထိုးဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
မန်ယူအသင်းဟာ အက်စ်တန်ဗီလာနဲ့ပွဲမှာ ဂိုးမရှိ သရေကျပြီးနောက် ၁၉၈၉ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး ဘောလုံးရာသီစတင်မှုနဲ့ ရင်ဆိုင်နေရတာပါ။
ရလဒ်ဆိုးရွားလာမှုနဲ့အတူ နည်းပြတန်ဟတ်ဂ်ရဲ့ အနာဂတ်ဟာလည်း မရေမရာဖြစ်လာခဲ့တာပါ။ မန်ယူအသင်း တာဝန်ရှိသူတွေဟာ နည်းပြတန်ဟတ်ဂ်နဲ့ အောက်တိုဘာ ၈ ရက် အင်္ဂါနေ့မှာ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားပြီး အသင်းရဲ့ အနာဂတ်ကိစ္စက အဓိကအကြောင်းအရာ ဖြစ်လာမယ်လို့ သိရပါတယ်။
ဂျာမန်နည်းပြ တူဟယ်ဟာ ဘိုင်ယန်နဲ့ လမ်းခွဲခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေပြီး မန်ယူအသင်းဘက်က အမှန်တကယ် ကမ်းလှမ်းမယ်ဆိုရင် လက်ခံနိုင်တယ်လို့ သိရပါတယ်။