မနေ့ညက ကစားသွားတဲ့ ဗီလာနဲ့ပွဲစဉ်မှာ ဂိုးမရှိသရေကျခဲ့ပြီးနောက် အဆင့် ၁၄ ရောက်ရှိသွားတဲ့ မန်ယူအသင်းဟာ ၃၅ နှစ်အတွင်း အဆိုးရွားဆုံးရလဒ်နဲ့ ရင်ဆိုင်နေရပါတယ်။
မန်ယူအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၇ အပြီးမှာ ရမှတ် ၇ မှတ်သာရရှိခဲ့ပြီး ဂိုးကွာခြားချက်ဟာလည်း အနုတ် ၃ အထိ ရှိနေတာပါ။
မန်ယူအသင်သမိုင်းတလျှောက် ပထမ ၇ ပွဲအပြီးမှာ ရမှတ်အနည်းဆုံးဖြစ်ခဲ့တာက ၁၉၈၉-၁၉၉၀ ဘောလုံးရာသီဖြစ်ပြီး နည်းပြ ဖာဂူဆန်ရဲ့ စတုတ္ထမြောက်နှစ်မှာ ပွဲစဉ် ၇ အပြီး ရမှတ် ၇ မှတ်နဲ့ အဆင့် ၁၃ နေရာ ရောက်ရှိခဲ့တာပါ။
လက်ရှိ ဘောလုံးရာသီမှာလည်း ၇ ပွဲကစား ၇ မှတ်သာရရှိခဲ့တာကြောင့် ၁၉၈၉ ခုနှစ်နောက်ပိုင်း ၃၅ နှစ်အတွင်း အဆိုးရွားဆုံးမှတ်တမ်းပြန်လည်ရရှိခဲ့တာ ဖြစ်ပါတယ်။