မန်ယူအသင်းရဲ့ အခြေအနေကို ရာသီကုန်တဲ့အထိ စောင့်ကြည့်ပြီးမှ ဝေဖန်ကြဖို့ မန်ယူအသင်း ပရိသတ်တွေကို နည်းပြ အဲရစ်တန်ဟတ်ဂ်က တိုက်တွန်းသွားပါတယ်။
စက်တင်ဘာ ၄ ရက် မနက်ပိုင်းက ယှဉ်ပြိုင်သွားတဲ့ ပေါ်တိုအသင်းနဲ့ သရေကျခဲ့တဲ့ ယူရိုပါလိဂ် ပွဲစဉ်အပြီးမှာ နည်းပြတန်ဟတ်ဂ်က မန်ယူပရိသတ်တွေကို သတင်းစကား ပါးလိုက်တာပါ။
မန်ယူအသင်းဟာ ပေါ်တိုနဲ့ပွဲမှာ ဘရူနိုဖာနန်ဒက်စ် ထုတ်ပယ်ခံခဲ့ရပေမဲ့ လူစားဝင်ခံစစ်မှူး မက်ဂွဲယားရဲ့ ပွဲပြီးခါနီးသွင်းဂိုးကြောင့် ၃ ဂိုးစီ သရေရလဒ် ကစားနိုင်ခဲ့တာပါ။
မန်ယူအသင်းဟာ တည်ဆောက်နေဆဲ အသင်းတသင်းသာဖြစ်ပြီး တိုးတက်မှုတွေရှိလာဖို့ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း၊ အသင်းရဲ့စွမ်းဆောင်ရည်ကို လက်ရှိအခြေအနေနဲ့ ဆုံးဖြတ်လို့မရသေးဘဲ ရာသီကုန်အထိ စောင့်ကြည့်ပြီးမှသာ ဝေဖန်သုံးသပ်သင့်ကြောင်း နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။
နောက်ခံလူ မက်ဂွဲယားကတော့ နည်းပြတန်ဟတ်ဂ်အနေနဲ့ မန်ယူအသင်းကို အဆင်ပြေအောင် ဘယ်လိုလုပ်ဆောင်မလဲဆိုတာ သိရှိပြီးသားဖြစ်ကြောင်း ပြောသွားပါတယ်။