မန်စီးတီးအသင်း ရလဒ်မကောင်းဖြစ်နေတာက ကစားသမားတွေကြောင့်မှာမဟုတ်ဘဲ မိမိမှာ တာဝန်ရှိကြောင်း နည်းပြပတ်ဂွါဒီယိုလာက ပြောသွားပါတယ်။
လက်ရှိချန်ပီယံစီးတီးဟာ လက်စတာကို အနိုင်မရခင်အထိ နောက်ဆုံး ၁၃ ပွဲမှာ ၁ ပွဲသာ အနိုင်ရခဲ့တာပါ။
နိုင်ပွဲတပွဲပြန်လည်ရရှိခဲ့တာက ပြဿနာတွေကို ပြေလည်သွားစေမှာမဟုတ်ဘဲ ရလဒ်မကောင်းမှုအတွက် တရားခံဟာ မိမိသာဖြစ်ကြောင်း ဂွါဒီယိုလာက ပြောပါတယ်။
နည်းပြတယောက်အနေနဲ့ ကစားသမားတွေကို ဦးဆောင်မှု ပေးနိုင်ရမှာဖြစ်ပြီး သူတို့ရဲ့ စွမ်း ဆောင်ရည်ကို မြှင့်တင်ပေးနိုင်ခြင်းမရှိကြောင်း၊ အသင်းအတွက် တခုခု လုပ်ဆောင်ပေးဖို့ ပျက်ကွက်ခဲ့ကြောင်း ဂွါဒီယိုလာက ပြောပါတယ်။
မန်စီးတီးဟာ ရာသီဝက်ကာလ ၁၉ ပွဲအပြီးမှာ ၉ ပွဲနိုင် ၄ ပွဲသရေ ၆ ပွဲရှုံခဲ့ပြီး အဆင့် ၁ က လီဗာပူးနဲ့ ၁၄ မှတ်အကွာ၊ အမှတ်ပေးဇယား အဆင့် ၆ နေရာမှာရပ်တည်နေပါတယ်။
Photo: Reuters