Home
အားကစား
မန်ယူလူငယ်နောက်ခံလူကို သြစတြေးလျလက်ရွေးစင်အသင်းတွင် ရွေးချယ်
DVB
·
November 11, 2025
Photo: Manchester United

သြစတြေးလျ လက်ရွေးစင်အသင်းဟာ မန်ယူနိုက်တက် ယူ-၁၈ အသင်းက ဆယ်ကျော်သက် နောက်ခံလူ ဂျိမ်းစ်အိုဗာရီကို လက်ရွေးစင်အသင်းကြီးအတွက် ရွေးချယ် ခေါ်ယူလိုက်ပါတယ်။

အသက် ၁၈ နှစ်ပဲ ရှိသေးတဲ့ ညာနောက်ခံလူဟာ သြစတြေးလျ ယူ-၂၀ အသင်းက ကစားသမားတယောက်ဖြစ်ပြီး လက်ရွေးစင်အသင်းကြီးမှာ ရွေးချယ်ခံခဲ့ရတာပါ။

အိုဗာရီဟာ မနှစ်ရာသီကမှ အင်္ဂလိပ် ဘောလုံးလိဂ်ရဲ့ အဆင့် ၁၀ လိဂ်ကနေ မန်ယူလူငယ်အသင်းဆီ ပြောင်းရွှေ့ခွင့် ရရှိခဲ့သူပါ။

မန်ယူနိုက်တက်အသင်းကြီးမှာ ပါဝင်ခွင့်မရရှိတဲ့တိုင် လာမယ့် နိုင်ငံတကာခြေစမ်းပွဲ ၂ ပွဲအတွက် သြစတြေးလျအသင်းက ခေါ်ယူခဲ့တာပါ။

သြစတြေးလျအသင်းဟာ လာမယ့် နိုဝင်ဘာ ၁၅ ရက်နဲ့ ၁၉ ရက်တွေမှာ တောင်အမေရိက အသင်းတွေဖြစ်တဲ့ ဗင်နီဇွဲလား၊ ကိုလံဘီယာအသင်းတွေနဲ့ အမေရိကန်နိုင်ငံမှာ ခြေစမ်းပွဲ ၂ ပွဲ ကစားသွားမှာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013