
နည်းပြ အာမိုရင်ကို ထုတ်ပယ်လိုက်တဲ့ မန်ချက်စတာယူနိုက်တက် အသင်းအတွက် နည်းပြသစ် မခန့်ရသေးခင် ယာယီနည်းပြအဖြစ် ခန့်အပ်ခံထားရတဲ့ ကစားသမားဟောင်း ဖလက်ချာက မန်ယူအသင်းကို အခုလို ဦးဆောင်ခွင့်ရတာ ဂုဏ်ယူစရာကောင်းတယ်လို့ ပြောတဲ့ အကြောင်း Sky sport က ဖော်ပြပါတယ်။
ဒါဟာ မယုံနိုင်စရာကောင်းတဲ့ အတွေ့အကြုံတခုဖြစ်ပြီး အသင်းကို ဒီလို ဦးဆောင်ခွင့်ရတာ တကယ့်ကို ဂုဏ်ယူစရာ ကိစ္စတခုဖြစ်တယ်လို့ သူကဆိုပါတယ်။
ဒါအပြင် သူ့အနေနဲ့ ဒီလိုအခွင့်အရေးရဖို့ အိပ်မက်တောင် မမက်ဖူးဘူးလို့ ဆိုပါတယ်။ မန်ယူကစားသမားဟောင်းနဲ့ U-18 လူငယ်အသင်း နည်းပြ ဖလက်ချာဟာ နည်းပြအထုတ်ခံထား မန်ချက်စတာယူနိုက်တက်အသင်းကို မနက်ဖြန်ကစားမဲ့ ဘန်လေနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ကိုင်တွယ်နည်းပြခွင့်ရထားတာ ဖြစ်ပါတယ်။
နည်းပြအာမိုရင်ကို ထုတ်ပယ်ထားတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ နည်းပြသစ်ရှာဖွေနေပြီး ချဲလ်ဆီးနည်းပြဟောင်း မာရက်စ်ကာက နည်းပြသစ်ဖြစ်လာဖို့ ရေပန်းစားနေသလို အသင်းကစားသမားဟောင်းနဲ့ နည်းပြဟောင်းဖြစ်သူ ဆိုးရှားလ်နဲ့လည်း စကားပြောနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
Photo: Reuters


