Home
အားကစား
ဇန်နဝါရီ အပြောင်းအရွှေ့၌ မန်ယူအသင်းက ကစားသမားသစ် ဝယ်ရန် အစီအစဉ်မရှိ 
DVB
·
January 4, 2026
Photo: REUTERS/Phil Noble

မန်ယူနိုက်တက်အသင်းဟာ ရှေ့လာမဲ့ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ ကြိုးပမ်းနေပေမဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကာလအတွင်း ကစားသမားအဝင်အထွက် ပြုလုပ်ဖို့ အစီအစဉ်မရှိကြောင်း နည်းပြ ရူဘင်အာမိုရင်က ပြောပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီကနေ့ တနင်္ဂနွေနေ့ညမှာ အဆင့် ၁၆ နေရာရှိ လိဒ်ယူနိုက်တက်နဲ့ ကစားရမည်ဖြစ်ပြီး လက်ရှိတွင် ပရီးမီးယားလိဂ်အဆင့် ၆ နေရာမှာ ရှိနေပါတယ်။

တကယ်လို့ အဝေးကွင်း အယ်လန်ရုဒ်ကွင်းမှာ မန်ယူနိုက်တက်က အနိုင်ရရှိခဲ့ပြီး တခြားအသင်းတွေက ရလဒ် မပြောင်းလဲခဲ့မှသာ အဆင့် ၄ နေရာကို တက်လှမ်းနိုင်မှာပါ။

ဒဏ်ရာရရှိသူတွေနဲ့ နိုင်ငံတကာပွဲစဉ်တွေကြောင့် ကစားသမားအင်အား လိုအပ်ချက်ရှိနေပေမဲ့  အာမိုရင်ရဲ့ အသင်းဟာ အဆင့် ၄ က လီဗာပူးအသင်းနဲ့ ၃ မှတ်သာ ကွာဟနေပြီး အဆင့် ၅ က ချယ်လ်ဆီးနဲ့ အမှတ်တူနေပါတယ်။

နယ်သာလန်တိုက်စစ်မှူး ဂျိုရှူအာ ဇက်ဇီး စီးရီးအေကလပ် ရိုးမားအသင်းက စိတ်ဝင်စားနေတယ်လို့ သတင်းထွက်နေပေမဲ့ အသင်းကနေ ထွက်ခွာလိုတဲ့ ကစားသမား တယောက်မှ မရှိဘူးလို့ နည်းပြက တုံ့ပြန်ခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013