
မန်ယူနိုက်တက်အနေနဲ့ ကစားသမားအစုံအလင် ပါဝင်မယ်ဆိုရင် တောင့်တင်းတဲ့အသင်း ဖြစ်လာမယ်လို့ ယုံကြည်ကြောင်း နည်းပြ ရူဘင်အာမိုရင်က ပြောပါတယ်။
ဝုဗ်အသင်းကို ၁ ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်အပြီးမှာ အသင်းရဲ့အခြေအနေအပေါ် နည်းပြအာမိုရင်က ပြန်လည်သုံးသပ်ခဲ့တာပါ။
ယူနိုက်တက်မှာ အာဖရိကဖလားသွားနေတဲ့ အမ်ဘူမို၊ မက်ဇ်ယာအိုရီနဲ့ အာမတ်ဒီယယ်လိုတို့ ပါဝင်နိုင်ခြင်း မရှိသေးတာကြောင့် နိုင်ပွဲရဖို့ ရုန်းကန်ခဲ့ရတာပါ။
ယူနိုက်တက်အနေနဲ့ ကစားသမားတွေ အစုံအလင် ပြန်လည်ရရှိမယ်ဆိုရင် တောင့်တင်းတဲ့အသင်း ဖြစ်လာမယ်လို့ ယုံကြည်ကြောင်း၊ အနာဂတ်မှာ ဘာဆက်ဖြစ်မလဲဆိုတာ မသိဘဲ ရာသီကုန်ဆုံးချိန်ရောက်မှသာ သိရှိရမှာဖြစ်ကြောင်း နည်းပြ အာမိုရင်က ပြောသွားပါတယ်။
ယူနိုက်တက်ဟာ မနေ့ညက ဝုဗ်နဲ့ ကစားခဲ့တဲ့ပွဲမှာ သရေရလဒ်ကြောင့် အမှတ်ပေးဇယားအဆင့် ၆ နေရာကို ပြန်လည်ရောက်ရှိသွားပါတယ်။


