
ကိုဘီမိန်နူးဟာ အသင်းရဲ့ အနာဂတ်ကစားသမားဖြစ်တယ်လို့ နည်းပြအာမိုရင်က ထုတ်ဖော် ပြောသွားပါတယ်။
မိန်နူးဟာ အသင်းမှာ ပွဲထွက်ခွင့်မရဖြစ်နေလို့ တခြားအသင်းတသင်းဆီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပေမဲ့ မန်ယူအသင်းက အစားထိုးစရာ ကစားသမား မရရှိသေးဘဲ ထွက်ခွါခွင့် မပြုသေးတာပါ။
နည်းပြအာမိုရင်ကတော့ မိန်နူးဟာ အသင်းရဲ့ အနာဂတ်ကစားသမားဖြစ်ပြီး လာမဲ့ပွဲစဉ်တွေမှာ ပွဲကစားခွင့် ရရှိလာမှာဖြစ်ကြောင်း၊ အခွင့်အရေးကို စောင့်ကြည့်ဖို့ လိုကြောင်းနဲ့ ရက်ပိုင်းအတွင်းမှာ ဘာမဆိုဖြစ်သွားနိုင်ကြောင်း နည်းပြအာမိုရင်က ပြောပါတယ်။
မိန်နူးဟာ ကတ်စမီရို ပွဲထွက်ကစားနေတဲ့ ကွင်းလယ်ခံစစ်မှာ ကစားနိုင်သလို ကွင်းလယ် ၃ ယောက် ထားကစားမယ်ဆိုရင်လည်း အသုံးပြုလို့ရကြောင်း နည်းပြအာမိုရင်က ပြောပါတယ်။
မိန်နူးကို ခေါ်ယူဖို့ အီတလီကလပ် နာပိုလီအသင်းက ချိတ်ဆက်နေပါတယ်။


