
မန်ယူအသင်းမှာ နည်းပြဆိုးလ်ရှား ဆက်ရှိနေခဲ့သင့်ကြောင်း ကွင်းလယ်လူဟောင်း မာတစ်က သုံးသပ်သွားပါတယ်။
ဆားဘီးယားကွင်းလယ်လူဟာ မန်ယူအသင်းမှာ နည်းပြ ၄ ယောက်နဲ့ အတူလက်တွဲခဲ့ဖူးပြီး နည်းပြဆိုးလ်ရှားဟာ အသင်းကို လမ်းကြောင်းမှန်ပေါ် တွန်းတင်ပေးခဲ့သူဖြစ်ကြောင်းနဲ့ အသင်းက ထုတ်ပယ်ခြင်းမပြုဘဲ ဆက်ထိန်းထားသင့်သူဖြစ်ကြောင်း ထုတ်ဖော်ပြောသွားတာပါ။
နည်းပြဆိုးလ်ရှား လက်ထက်မှာ မိမိတို့အသင်းက အဆင့် ၂ နဲ့ အဆင့် ၃ နေရာတွေမှာ ရပ်တည်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့ပြီး လက်ရှိ မန်ယူနိုက်တက်ရဲ့ ရပ်တည်မှုနဲ့ နှိုင်းယှဉ်မယ်ဆိုရင် မိမိတို့အသင်းက အံ့ဖွယ်စွမ်းဆောင်နိုင်ခဲ့တာဖြစ်ကြောင်း မာတစ်က ပြောပါတယ်။
ယူနိုက်တက်အနေနဲ့ လတ်တလောရလဒ်တွေကို ကြည့်ကာ နည်းပြဆိုးလ်ရှားကို ထုတ်ပယ်ခဲ့တာဖြစ်ပြီး အိုလီဟာ အဲဒီထက် အချိန်ပိုမိုရရှိသင့်ကြောင်းနဲ့ မိုက်ကယ်ကာရစ်နဲ့ မက်ကမ်နာတို့လို လက်ထောက်နည်းပြတွေဟာလည်း အသင်းကို လမ်းကြောင်းမှန်ပေါ်ရောက်စေဖို့ ကူညီပေးခဲ့သူတွေဖြစ်ကြောင်း မာတစ်က ပြောသွားပါတယ်။


