
အာဖရိကဖလားအတွက် အဓိက ကစားသမား ၃ ယောက် စေလွှတ်ပေးရမဲ့အပေါ် ကြိုတင်ပြင်ဆင်ထားတယ်လို့ မန်ယူနည်းပြအာမိုရင်က ပြောပါတယ်။
မန်ယူအသင်းဟာ အသင်းရဲ့ အဓိကတိုက်စစ်ကစားသမား အမ်ဘူမိုအပါအဝင် အာမတ်ဒီယယ်လိုနဲ့ နောက်ခံလူ မက်ဇာအိုရီ တို့ကို သက်ဆိုင်ရာနိုင်ငံအသင်းတွေဆီ ပြန်လည်စေလွှတ်ပေးရမှာပါ။
တနင်္လာနေ့မှာ ယူနိုက်တက်က ဘုန်းမောက်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကစားရမှာဖြစ်ပြီး အဲဒီ ကစားသမား ၃ ယောက်ဟာ အသင်းမှာဆက်နေဦးမလားဆိုတာ မသိရှိသေးကြောင်း အာမိုရင်က ပြောပါတယ်။
ဘုန်းမောက်နဲ့ပွဲမှာ အကောင်းဆုံးလူစာရင်းနဲ့ ပွဲထွက်နိုင်ဖို့ နောက်ဆုံးအချိန်အထိ စောင့်ဆိုင်းသွားမှာဖြစ်ပြီး ၁ ရက် ၂ ရက်အတွင်းမှ သေချောပေါက် သိရှိနိုင်မှာဖြစ်ကြောင်း မန်ယူနည်းပြက ပြောပါတယ်။
စိတ်ပျက်စရာ အခြေနေဖြစ်တဲ့တိုင် ဘယ်ကစားသမားတွေက ပွဲထွက်ကစားမလဲ ဆိုတာ မသိရှိနိုင်တာက ကောင်းမွန်တဲ့လက္ခဏာဖြစ်ပြီး ကစားသမားအားလုံးကို ဘယ်လိုအခြေအနေမျိုးမှာမဆို အဆင်ပြေအောင် ကစားနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားကြောင်း နည်းပြ အာမိုရင်က ပြောသွားပါတယ်။
Photo: Reuters


