
ဒဏ်ရာရရှိနေတဲ့ အသင်းခေါင်းဆောင် ဖာနန်ဒက်စ် နေရာမှာ အစာထိုးဖို့က မဖြစ်နိုင်ကြောင်း နည်းပြ ရူဘင်အာမိုရင်က ပြောသွားပါတယ်။
ပေါ်တူဂီကွင်းလယ်လူဟာ ဗီလာကို ၂ ဂိုး ၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ လိဂ်ပွဲစဉ်မှာ တံကောက်ကြော ဒဏ်ရာကြောင့် ဒုတိယပိုင်းကို ဆက်လက်ကစားနိုင်ခြင်း မရှိတော့ဘဲ လူစားလဲခံခဲ့ရတာပါ။
ဘရူနိုရဲ့နေရာမှာ အစားထိုးဖို့က မဖြစ်နိုင်ကြောင်းနဲ့ မနက်ခင်း လေ့ကျင့်ရေးမှာတုန်းကလည်း ကစားသမားတွေကို အဲဒီလိုပြောခဲ့ကြောင်း နည်းပြအာမိုရင်က ပြောပါတယ်။
ဖာနန်ဒက်စ်ဟာ မန်ယူနိုက်တက်အသင်းကို စည်းလုံးညီညွတ်တဲ့အသင်းအဖြစ် ဦးဆောင်နိုင်ပြီး ကွင်းထဲက နေရာစုံက အခြေအနေတိုင်းကိုလည်း နားလည်သူဖြစ်ကြောင်း နည်းပြအာမိုရင်က ပြောပါတယ်။
ဖာနန်ဒက်စ်ဟာ ဒဏ်ရာကြောင့် တလလောက် အနားယူရနိုင်ပြီး ဇန်နဝါရီ ၁၇ ရက်မှာ ကစားရမဲ့ မန်စီးတီးနဲ့ မန်ချက်စတာဒါဘီမှာ ပြန်လည်ကစားနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။


