
ဗီလာကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ ကြွက်သားဒဏ်ရာ ရရှိခဲ့တဲ့ ဖာနန်ဒက်စ်ဟာ ပွဲစဉ်တချို့ကို လွဲချော်တော့မှာဖြစ်ကြောင်း ယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အတည်ပြုသွားပါတယ်။
ပေါ်တူဂီ ကွင်းလယ်လူဟာ ပထမပိုင်းအတွင်းမှာ ခြေထောက်ကြွက်သားဒဏ်ရာ ရခဲ့တာကြောင့် ဒုတိယပိုင်းမှာ ဝင်မကစားနိုင်တော့ဘဲ နောက်ခံလူ မာတီနက်ဇ်နဲ့ လူစားလဲခံခဲ့ရတာပါ။
ဖာနန်ဒက်ဇ်ဟာ ပွဲစဉ်တချို့ကို လွဲချော်တော့မှာဖြစ်ပြီး သူဟာ ဒဏ်ရာပြဿနာတွေကနေ အမြန်ဆုံး ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်နိုင်သူဖြစ်တာကြောင့် အနားယူရမဲ့အချိန် အတိအကျကိုတော့ မပြောနိုင်သေးကြောင်း နည်ပြ အာမိုရင်က ပြောပါတယ်။
ဖာနန်ဒက်စ်ဟာ နောက်တပတ်မှာကစားမဲ့ နယူးကာဆယ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို သေချာပေါက် လွဲချော်မှာဖြစ်ကြောင်း နည်းပြအာမိုရင်က အတည်ပြုသွားပါတယ်။


