
ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ မန်ယူနိုက်တက်က မိမိကိုရောင်းချဖို့ ဆန္ဒရှိခဲ့တဲ့အပေါ် နာကျင်ခံ စားရကြောင်း ကွင်းလယ်လူ ဖာနန်ဒက်စ်က ပြောသွားပါတယ်။
ပေါ်တူဂီမီဒီယာ Canal 11 နဲ့ အင်တာဗျူးမှာ ဖာနန်ဒက်စ်က ထုတ်ဖော်ပြောသွားတာဖြစ်ပါတယ်။
ဆော်ဒီပရိုလိဂ်ဆီပြောင်းရွှေ့လာဖို့ စီရော်နယ်ဒိုကလည်း အကြံပေးခဲ့ပြီး နောက်ဆုံးမှာတော့ အသင်းကို ချစ်မြတ်နိုးတဲ့စိတ်နဲ့ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ကြောင်းဖာနန်ဒက်စ်က ပြောပါတယ်။
ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ မန်ယူနိုက်တက်က မိမိကို ထွက်ခွါဖို့ ဆန္ဒရှိခဲ့ပြီး နည်းပြရူဘင် အာမိုရင်နဲ့ အတိုက်အခံမလုပ်ဝံ့လိုသာ အသင်းမှာ ဆက်လက်ထားရှိခဲ့တာ ဖြစ်ကြောင်း ဖာနန်ဒက်စ်က ပြောသွားပါတယ်။
ဆော်ဒီလိဂ်ဆီ ပြောင်းရွှေ့ ခြင်းမရှိခဲ့တာက မိသားစုကိစ္စတွေပါဝင်သလို အသင်းကို ချစ်မြတ်နိုးမှုနဲ့လည်း သက်ဆိုင်ကြောင်း ဖာနန်ဒက်စ်က ဆက်ပြီးပြောသွားပါတယ်။
Photo:Reuters


