
အမြင့်ဆုံးအဆင့်မှာ ဆက်လက်ကစားချင်လို့ ဆော်ဒီကလပ် အယ်ဟီလာအသင်းရဲ့ မက်မောစရာ ကမ်းလှမ်းချက်ကို လက်မခံခဲ့တာလို့ မန်ယူကွင်းလယ်လူ ဖာနန်ဒက်စ်က ရှင်းလင်းသွားပါတယ်။
ပေါ်တူဂီကွင်းလယ်လူကို အယ်ဟီလာအသင်းက တပတ်လုပ်ခပေါင် ၇ သိန်းလောက် အထိပေးချေပြီး ၃ နှစ်စာချုပ်နဲ့ ကမ်းလှမ်းခဲ့ပေမဲ့ ဖာနန်ဒက်စ်ကလက်မခံခဲ့တာပါ။
အယ်ဟီလာမှာ အသင်းဖော် ကန်ဆယ်လိုလည်းရှိနေလို အသင်းပြောင်းဖို့ လွယ်ကူပေမဲ့ အမြင့်ဆုံးအဆင့်မှာ ဆက်ရှိပြီး ပြိုင်ပွဲကြီးတွေ ကစားချင်တာကြောင့် အသင်းပြောင်းရွှေ့ဖို့ စိတ်ကူမရှိသေးကြောင်း ဖာနန်ဒက်စ်ကပြော ပါတယ်။
မိမိကို ခေါ်ယူဖို့ လွန်ခဲ့တဲ့တလလောက်ကတည်းက အယ်ဟီလာအသင်းဥက္ကဋ္ဌကိုယ်တိုင် ဆယ်သွယ် လာခဲ့ပြီး မိသားစုနဲ့တိုင်ပင်ခဲ့သလို ယူနိုက်တက်အသင်းနဲ့ နည်းပြ အာမိုရင်ကလည်း အသင်းမပြောင်းဖို့ တိုက်တွန်းခဲ့တာကြောင့် အယ်ဟီလာရဲ့ကမ်းလှမ်းချက်ကို လက်မခံခဲ့တာလို့ ဘရူနိုဖာနန်ဒက်စ်က ပြောသွားပါတယ်။
Photo:Reuters