
ဆော်ဒီကလပ် အယ်ဟီလာအသင်းဆီ ပြောင်းရွှေ့လာဖို့ မန်ယူကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကို နိုင်ငံအသင်းဖော် ရူဘင်နီဗက်စ်က တိုက်တွန်းသွားပါတယ်။
နီဗက်စ်ဟာ ဝုဗ်အသင်းမှာ အသင်းခေါင်းဆောင်အဖြစ် ခြေစွမ်းပြခဲ့သူဖြစ်ပြီး ၂၀၂၃ ခုနှစ်က အယ်ဟီလာအသင်းဆီ ပြောင်းရွှေ့သွားတာပါ။
အယ်လ်ဟီလာမှာ လာကစားဖို့အတွက် ဖာနန်ဒက်စ် အပါအဝင် ပေါ်တူဂီလက်ရွေးစင် ကစားသမား အားလုံးကို ထောက်ခံကြောင်း၊ ပေါ်တူဂီက နိုင်ငံသေးငယ်ပေမဲ့ ပြင်းပြင်းထန်ထန် ကြိုးစားတဲ့ ကစားသမားတွေ ရှိတာကြောင့် ထူးချွန်တဲ့ ကစားသမားတွေ အမြဲတမ်း မွေးထုတ်ပေးနိုင်တဲ့ နိုင်ငံဖြစ်ကြောင်း နီဗက်စ်က ပြောပါတယ်။
နိုင်ငံအသင်းက ဘယ်ကစားသမားမဆို အယ်ဟီလာဆီ လာရောက်ကစားဖို့ ဖိတ်ခေါ်ကြောင်းလည်း နီဗက်စ်က ပြောသွားပါတယ်။
ဖာနန်ဒက်စ်ကို အယ်ဟီလာအသင်းက မန်ယူအသင်းမှာရရှိတဲ့ လုပ်ခထက် ၃ ဆလောက် များပြားတဲ့ ပမာဏနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းထားတာပါ။
အယ်ဟီလာအသင်းမှာ ပေါ်တူဂီအသင်းက နီဗက်စ်အပြင် မန်စီးတီးနောက်ခံလူဟောင်း ကန်ဆယ်လိုလည်း ပါဝင်ကစားနေပါတယ်။