
မန်ယူနိုက်တက်ဟာ လာမဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဆော်ဒီကလပ် အယ်လ်ဟီလာ ကွင်းလယ်လူ ရူဘင်နီဗက်စ်ကို ခေါ်ယူသွားဖို့ ပြင်ဆင်နေပါတယ်။
ပေါ်တူဂီကွင်းလယ်လူဟာ ၂၀၂၃ ခုနှစ်က ဝုဗ်အသင်းကနေ ပေါင် ၄၇ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အယ်လ်ဟီလာအသင်းက ပေါင်သန်း ၂၀ လောက်နဲ့ ပြန်လည်ရောင်းချသွားဖို့ ရှိနေတာပါ။
ယူနိုက်တက်မှာ ကတ်စမီရိုက ကွင်းလယ်ခံစစ်နေရာမှာ ပွဲထွက်နေပေမဲ့ အူဂါတီနဲ့ မိန်နူးတို့ရဲ့ အနာဂတ်ဟာလည်း ဝေဝါးနေတာကြောင့် ပရီးမီးယားလိဂ် အတွေ့အကြုံရှိ ကစားသမား နီဗက်ဇ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားလာခဲ့တာပါ။
ယူနိုက်တက်ပစ်မှတ် ကစားသမားတွေထဲမှာ အင်္ဂလန်လူငယ်ကွင်းလယ်ကြယ်ပွင့်တွေဖြစ်တဲ့ အန်ဒါဆန်နဲ့ ဝါတန်တို့ အပါအဝင် အက်သလက်တီကိုက ချဲလ်ဆီးကွင်းလယ်လူ ဂယ်လဂါ၊ ဝုဗ်ကွင်းလယ်လူ ဂိုမက်စ်နဲ့ ဘရိုက်တန်ကွင်းလယ်လူ ဘာလီဘာတို့လည်း ပါဝင်နေပါတယ်။


