
မန်ယူနိုက်တက်ကွင်းလယ်လူ ကိုဘီမိန်နူးဟာ လာမဲ့ဇန်နဝါရီအပြောင်းအရွှေ့မှာ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခွင့်ပြုဖို့ တောင်းဆိုလိုက်ပါတယ်။
အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်ဟာ လာမဲ့ ၂၀၂၆ ကမ္ဘာ့ဖလားမှာ ပါဝင်ခွင့်ရဖို့ မျှော်လင့်ချက်အနေနဲ့ ပွဲထွက်ကစားခွင့်ရမဲ့ အသင်းတသင်းဆီ ထွက်ခွါလိုနေတာပါ။
လတ်တလောသတင်းတွေအရ အီတလီစီးရီးအေကလပ် နာပိုလီအသင်းက မိန်နူးကိုခေါ်ယူဖို့ ဆန္ဒရှိနေပြီး အသင်းအားကစားဒါရိုက်တာ မန်နာ ကိုယ်တိုင်က ပြီးခဲ့တဲ့ ရာသီအစကတည်းက ခေါ်ယူဖို့ ကြိုးပမ်းခဲ့တယ်လို့ ဝန်ခံထားပါတယ်။
မိန်နူးကို အငှားခေါ်ယူလိုတဲ့ အသင်းအရေအတွက် ၁၂ သင်းလောက်အထိရှိနေပြီး ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်အသင်းလည်း ပါဝင်နေပါတယ်။
နည်းပြအာမိုရင်ကတော့ အသင်း အနိုင်ရရှိရေးကသာ ဦးစားပေးဖြစ်ပြီး ကစားသမားတယောက် ပွဲကစားခွင့် ရ၊ မရ အပေါ် အာရုံစိုက်မှာမဟုတ်ဘူးလို့ ပြောထားပါတယ်။


