
မန်ယူနိုက်တက်အနေနဲ့ ရာသီအစပိုင်းကလိုအဖြစ်မျိုးနဲ့ နောက်ပြန်သွားနေတာမဟုတ်ကြောင်း နည်းပြ ရူဘင်အာမိုရင်က ပြောသွားပါတယ်။
ယူနိုက်တက်ဟာ ဒီဇင်ဘာ ၅ ရက် ဒီမနက်အစောပိုင်း ကစားခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ပွဲစဉ်မှာ ပွဲချိန် ၈၃ မိနစ်အထိ ဦးဆောင်နိုင်ခဲ့ပေမဲ့ ဝက်စ်ဟမ်းရဲ့ ချေပဂိုးကြောင့် သရေရလဒ်နဲ့သာကျေနပ်ခဲ့ရသလို အမှတ်ပေးဇယား အဆင့် ၈ အထိရောက်သွားတာပါ။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့အောက်တိုဘာလက ၃ ပွဲဆက်နိုင်ပွဲနဲ့ အတူ အကောင်းဆုံးနည်းပြဆုပါ ရရှိ ခဲ့ပေမဲ့ အဲဒီနောက်ပိုင်းကစားခဲ့တဲ့ ၅ ပွဲမှာ ၁ ပွဲပဲ အနိုင်ရခဲ့ပါတယ်။
ဒီအခြေအနေက ရာသီအစတုန်းကလို နောက်ပြန်သွားနေတာမျိုးမဟုတ်ဘဲ အခိုက်အတန့် အချို့ကနေ ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့အခြေအနေ ဖြစ်ကြောင်း နည်းပြအာမိုရင်က ပြောပါတယ်။
ဝက်စ်ဟမ်းနဲ့ပွဲမှာ ပွဲကိုထိန်းချုပ်နိုင်ခဲ့ပြီး တည်ကန်ဘော ကနေတဆင့်ဂိုးပေးလိုက်ရတာဖြစ်ကြောင်းနဲ့ အခုထက်ပိုပြီးကောင်းအောင် ကစားနိုင်စွမ်းရှိသေး ကြောင်း နည်းပြအာမိုရင်က ပြောသွားပါတယ်။
Photo: Reuters


