
မြောက်အိုင်ယာလန် နောက်ခံလူဟောင်း ဂျွန်နီအီဗန်ဟာ မန်ယူအသင်းကနေ ထွက်ခွါသွားပါတယ်။
ပြီးခဲ့တဲ့ရာသီအထိ ယူနိုက်တက်အတွက် နောက်ဆုံးပါဝင်ကစားခဲ့တဲ့ အီဗန်ဟာ ကစားသမားဘဝကနေ အနားယူပြီးနောက် ယူနိုက်တက်ရဲ့ ကစားသမား အငှားချထားတာနဲ့ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအပိုင်းမှာ ဆက်လက်တာဝန်ယူခဲ့သူပါ။
သူဟာ အသင်းမှာ ၆ လသာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် တာဝန်ကနေ နုတ်ထွက်ပြီး အသင်းနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာပါ။
အသက် ၃၇ နှစ်ရှိ အီဗန်ဟာ ယူနိုက်တက်အတွက် ပွဲပေါင်း ၂၄၁ ပွဲ ကစားခဲ့ပါတယ်။
အီဗန်အနေနဲ့ ယူနိုက်တက်နဲ့ လမ်းခွဲခဲ့တာက မိသားစုနဲ့အတူ အချိန်ကုန်ဆုံးချင်တဲ့ဆန္ဒကြောင့်လို့ သတင်းထွက်နေပေမဲ့ ဘောလုံးနဲ့ပတ်သက်ပြီး နောက်ထပ် အသက်မွေးဝမ်းကြောင်းအလုပ်တခုကို ဆက်ပြီး လုပ်ဆောင်သွားဖို့ရှိတယ်လို့ သိရပါတယ်။


