Home
အားကစား
မန်ယူမှထွက်ခွာရန် ကွင်းလယ်လူ မိန်နူးကို ဖာဒီနန် တိုက်တွန်း
DVB
·
December 10, 2025
Photo: Reuters

မန်ယူနိုက်တက်အသင်းမှာ ဆက်ပြီး အချိန်ဖြုန်းမနေဖို့ ကွင်းလယ်လူ ကိုဘီမိန်နူးကို အသင်းဂန္ထဝင် နောက်ခံလူ ဖာဒီနန်က တိုက်တွန်းသွားပါတယ်။

မိန်နူးဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲ ဗိုလ်လုပွဲမှာ အင်္ဂလန်အသင်းရဲ့ အမာခံ ကွင်းလယ်လူတယောက်အဖြစ် ခြေစွမ်းပြခဲ့ပေမဲ့ ကလပ်အသင်းမှာ ပွဲထွက်ခွင့် နည်းပါးလာမှုနဲ့အတူ အင်္ဂလန်အသင်းမှာလည်း ရွေးချယ်ခံရခြင်း မရှိတော့သူပါ။

အခုနှစ်ရာသီ ပရီးမီးယားလိဂ်မှာ တပွဲမှ ပွဲထွက်ကစားခွင့် မရခဲ့တဲ့ မိန်နူးဟာ ဝုဗ်အသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာတော့ ၁၂ မိနစ်ခန့် လူစားလဲ ဝင်ရောက်ကစားခွင့် ရခဲ့ပါတယ်။

မိန်နူး ကွင်းထဲဝင်လာချိန်မှာ ပရိသတ်တွေရဲ့ အားပေးမှုကို မြင်နိုင်ပြီး မိမိသာ မိန်နူးနေရာမှာဆိုရင် အသင်းမှာ အချိန်ဖြုန်းမနေတော့ဘဲ အသင်းကနေ ထွက်ခွါတော့မှာဖြစ်ကြောင်း ဖာဒီနန်က ပြောပါတယ်။

မိန်နူးဟာ ယူရို ၂၀၂၄ မှာ အကောင်းဆုံးကစားသမားတယောက် ဖြစ်ခဲ့ပြီး ယူနိုက်တက်မှာ အချိန်ဖြုန်းနေတာ ၁၈ လလောက် ကြာနေပြီဖြစ်ကြောင်းလည်း ဖာဒီနန်က ပြောပါတယ်။

ပေါလ်စခိုးနဲ့ နစ်ကီဘတ်တို့ရဲ့ Podcast အစီအစဉ်မှာလည်း မိန်နူး အနေနဲ့ အသင်းကနေ ထွက်ခွါသင့်ကြောင်း ပြောခဲ့တာကို သိရှိပြီး သူတို့ရဲ့သဘောထားနဲ့ မိမိရဲ့အမြင်ဟာလည်း တူညီကြောင်း ဖာဒီနန်က ပြောသွားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013