
မန်ယူနည်းပြရူဘင်အာမိုရင်ဟာ ကွင်းလယ်လူ ကိုဘီမိန်နူးကို အငှားစာချုပ်နဲ့ ထွက်ခွာခွင့်ပြုမှာ မဟုတ်ဘဲ အသင်းမှာ ဆက်ထိန်းသွားဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
အင်္ဂလန် ကွင်းလယ်ကစားသမားဟာ ယူနိုက်တက်မှာပဲ ကစားခွင့် အလွန်နည်းပါးနေပြီး အင်္ဂလန်အသင်းမှာ ပြန်လည်ပါဝင်ဖို့ မျှော်လင့်ချက်မရှိသလောက် ဖြစ်နေတာပါ။
အဲဒီအခြေအနေအပေါ် မိန်နူးက စိတ်ပျက်နေပြီး နည်းပြအာမိုရင်ဆီ ထွက်ခွာခွင့်တောင်းဆိုထားပေမဲ့ အာမိုရင်ဘက်က ထပ်မံပယ်ချသွားဖို့ရှိတယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။
မန်ယူအိမ်ကွင်းမှာ ဒီကနေ့မနက်အစောပိုင်း ကစားသွားတဲ့ ဘွန်းမောက်နဲ့ ၄ ဂိုးစီသရေကျတဲ့ပွဲမှာတော့ မိန်နူးဟာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားသွားခဲ့ပါတယ်။
အာမိုရင်အနေနဲ့ ဘရိုက်တန်က ကားလိုစ်ဘာလီဘာ အပါအဝင် နော်တင်ဟမ်က အန်ဒါဆန်၊ ခရစ္စတယ်ပဲလေ့က အဒမ်ဝါတန်တိုကို ပစ်မှတ်ထားနေပေမဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ မလွယ်တာကြောင့် မိန်နူးကို ဆက်ထိန်းသွားဖို့ ဆန္ဒရှိလာခဲ့တာပါ။
မိန်နူးကို ခေါ်ယူဖို့ ဥရောပထိပ်တန်းကလပ်တွေက ချိတ်ဆက်နေပြီး နာပိုလီနဲ့ ဘိုင်ယန်မြူးနစ် အပါအဝင် ချဲလ်ဆီးအသင်းကလည်း ခေါ်ယူဖို့ ဆန္ဒရှိနေပါတယ်။


